သင့် Facebook အချက်အလက် မိတ္တူကို လွှဲပြောင်းထုတ်ယူရန်

လင့်ခ်ကို ကူးယူရန်
Android App အကူအညီ
ကွန်ပျူတာ အကူအညီ
iPad အက်ပ် အကူအညီ
iPhone အက်ပ် အကူအညီ
မိုဘိုင်းဘရောက်ဇာအကူအညီ
ကျွန်ုပ်တို့သည် လူများကို Meta အကောင့်များဆီ ဖြည်းဖြည်းချင်း ပြောင်းရွှေ့ပေးနေပါသည်။ သင့်အကောင့်ဆက်တင်များကို စီမံရန်နေရာအဖြစ် အကောင့်စင်တာ ဖြစ်စေ၊ Meta အကောင့်ဆက်တင်များဖြစ်စေ သင်မြင်တွေ့နိုင်ပါသည်။
သင့်တွင် ထပ်ဆောင်း Facebook ပရိုဖိုင်များ ရှိပါက သင့်ပရိုဖိုင်တစ်ခုချင်းစီအတွက် သင့် Facebook အချက်အလက် မိတ္တူကို လွှဲ​ပြောင်းထုတ်ယူနိုင်ပါသည်။ သင် Facebook အကောင့်ဖွင့်စဉ်က ပထမဆုံးဖန်တီးခဲ့သော ပရိုဖိုင်ဖြစ်သည့် သင့်ပင်မပရိုဖိုင်၏ Facebook အချက်အလက်များကို လွှဲပြောင်းထုတ်ယူခြင်းဖြင့်သာလျှင် ကြော်ငြာ အချက်အလက်များအပါအဝင် သင်၏ ထပ်ဆောင်းပရိုဖိုင်များမှ စုဆောင်းထားသော အချက်အလက်အချို့ကို ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
သင်၏ အချက်အလက်ကို ဒေါင်းလုဒ်လုပ်ရန်ကို အကောင့်စင်တာ ထဲတွင်ရှိသော သင်၏ အချက်အလက်နှင့် အသုံးပြုခွင့်များ အောက်တွင်ဖြစ်စေ၊ Facebook ဆက်တင်များမှတစ်ဆင့်ဖြစ်စေ ဝင်ရောက်အသုံးပြုနိုင်ပါသည်။
သင့်အချက်အလက် မိတ္တူကို ပြင်ပဝန်ဆောင်မှုသို့ဖြစ်စေ၊ သင့်ဖုန်း/ကွန်ပျူတာသို့ဖြစ်စေ လွှဲပြောင်းထုတ်ယူနိုင်ပါသည်။ ရရှိနိုင်သော အချက်အလက်များထဲတွင် သင်မျှဝေထားသည့် အကြောင်းအရာနှင့် အချက်အလက်၊ ကျွန်ုပ်တို့ စုဆောင်းသည့် သင်၏လှုပ်ရှားဆောင်ရွက်မှုနှင့် အချက်အလက်တို့ ပါဝင်ပါသည်။ ဖုန်း/ကွန်ပျူတာများနှင့် ပြင်ပဝန်ဆောင်မှုများသည် မတူညီသော အချက်အလက်အမျိုးအစားကို လွှဲပြောင်းထုတ်ယူရန် ပံ့ပိုး​ပေးပါသည်။ သင် လွှဲပြောင်းထုတ်ယူနိုင်သော အချက်အလက်အမျိုးအစားများအကြောင်း ပိုမိုလေ့လာပါ။
သင့်အချက်အလက်ကို ဖုန်း/ကွန်ပျူတာတစ်ခုထံ လွှဲပြောင်းထုတ်ယူရန် လုံလောက်သောသိုလှောင်ခန်း ပမာဏ လိုအပ်ပါသည်။ သင်ရွေးလိုက်သည့် အချက်အလက်အမျိုးအစားနှင့် မီဒီယာအရည်အသွေးသည် သင့်ဖိုင်များ၏အရွယ်အစားကို ပိုမိုကြီးမားစေနိုင်သည် သို့မဟုတ် ပိုမိုသေးငယ်စေနိုင်သည်။
ဥပမာအားဖြင့် အရည်အသွေးမြင့် ဗီဒီယိုများသည် ဖိုင်များကို ပိုမိုကြီးမားစေပြီး အချက်အလက်အမျိုးအစားတစ်ခုကိုသာ လွှဲပြောင်းထုတ်ယူသောအခါ အရွယ်အစားပိုသေးသည်။
ဖုန်း/ကွန်ပျူတာသို့ဖြစ်စေ၊ ပြင်ပဝန်ဆောင်မှုသို့ဖြစ်စေ လွှဲပြောင်းထုတ်ယူလိုကြောင်း ဆုံးဖြတ်ရာတွင် အကူအညီဖြစ်စေရန် သင်ရရှိနိုင်သော သိုလှောင်ခန်း ပမာဏကို စစ်ဆေးပါ။

သင့် Facebook အချက်အလက်များကို Meta အကောင့်ဆက်တင်များမှ ဖုန်း/ကွန်ပျူတာသို့ လွှဲပြောင်းထုတ်ယူရန်

  1. ညာဘက်ထိပ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံကို နှိပ်ပြီးလျှင် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုကို နှိပ်ပါ။
  2. ဆက်တင်များကို နှိပ်ပါ။
  3. အကောင့်စင်တာကို နှိပ်ပြီးလျှင် သင်၏ အချက်အလက်များနှင့် အသုံးပြုခွင့်များကို နှိပ်ပါ။
  4. သင်၏ အချက်အလက်များ လွှဲပြောင်းထုတ်ယူရန်ကို နှိပ်ပါ။
  5. လွှဲပြောင်းထုတ်ယူမှု ဖန်တီးရန် ကို နှိပ်ပါ။
  6. သင် အချက်အလက် လွှဲပြောင်းထုတ်ယူလိုသည့် ပရိုဖိုင်ကို ရွေးပါ။
  7. ဖုန်း/ကွန်ပျူတာသို့ လွှဲပြောင်းထုတ်ယူရန် ကို ရွေးပါ။
  8. ဤနေရာမှနေ၍ လွှဲပြောင်းထုတ်ယူရန် သီးသန့်အချက်အလက်နှင့် ရက်အပိုင်းအခြားအပြင် သတ်မှတ်ပုံစံ၊ အသိပေးချက်အီးမေးနှင့် မီဒီယာအရည်အသွေးတို့ကိုလည်း သင် ရွေးချယ်နိုင်ပါသည်။
  9. သင်၏လွှဲပြောင်းထုတ်ယူမှုကို စိတ်ကြိုက်ပြင်ဆင်ပြီးသည်နှင့် လွှဲပြောင်းထုတ်ယူမှု စတင်ရန်ကို နှိပ်ပါ။

သင်၏ Facebook အချက်အလက်ကို Meta အကောင့်ဆက်တင်များမှ ပြင်ပဝန်ဆောင်မှုသို့ လွှဲပြောင်းထုတ်ယူရန်

  1. ညာဘက်ထိပ်ရှိ သင့်ပရိုဖိုင်ဓာတ်ပုံကို နှိပ်ပြီးလျှင် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုကို နှိပ်ပါ။
  2. ဆက်တင်များကို နှိပ်ပါ။
  3. အကောင့်စင်တာကို နှိပ်ပြီးလျှင် သင်၏ အချက်အလက်များနှင့် အသုံးပြုခွင့်များကို နှိပ်ပါ။
  4. သင်၏အချက်အလက်များ လွှဲပြောင်းထုတ်ယူရန်ကို နှိပ်ပါ။
  5. လွှဲပြောင်းထုတ်ယူမှု ဖန်တီးရန် ကို နှိပ်ပါ။
  6. သင် အချက်အလက် လွှဲပြောင်းထုတ်ယူလိုသည့် ပရိုဖိုင်ကို ရွေးပါ။
  7. ရှေ့သို့ကို နှိပ်ပါ။
  8. ပြင်ပဝန်ဆောင်မှုသို့ လွှဲပြောင်းထုတ်ယူရန် ကို ရွေးပါ။
  9. သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် ပြင်ပဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ကာ ရှေ့သို့ ကို နှိပ်ပါ။
  10. သင် လွှဲပြောင်းထုတ်ယူလိုသည့် အကြိမ်ရေကို ရွေးချယ်ကာ ရှေ့သို့ ကို နှိပ်ပါ။
  11. ချိတ်ဆက်မယ် ကို နှိပ်ပါ။ သင် ရွေးလိုက်သည့် ပြင်ပဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားရန် လိုအပ်ပါမည်။
  12. သင် ရွေးလိုက်သည့် ပရိုဖိုင်အတွက် စကားဝှက်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်၊ ထို့နောက် ရှေ့သို့ ကို နှိပ်ပါ။
  13. ဤနေရာမှ​နေ၍ သင်၏လွှဲပြောင်းထုတ်ယူမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း၊ သင်၏ အသိပေးချက်အီးမေးနှင့် သတ်မှတ်ပုံစံတို့ကို ရွေးချယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
  14. သင်၏လွှဲပြောင်းထုတ်ယူမှုကို စိတ်ကြိုက်ပြင်ဆင်ပြီးသည်နှင့် လွှဲပြောင်းထုတ်ယူမှု စတင်ရန်ကို နှိပ်ပါ။
သင်၏ လွှဲပြောင်းထုတ်ယူမှု အဆင်သင့်ဖြစ်သောအခါ Meta အကောင့် ဆက်တင်များအတွင်း၌ သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် ကိရိယာထဲရှိ ရရှိနိုင်သော ဒေါင်းလုဒ်လုပ်စရာများ ကဏ္ဍတွင် သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် အချိန် ၄ ရက်ရရှိပါမည်။ သင်၏ လွှဲပြောင်းထုတ်ယူမှုကို ဖျက်ခြင်း သို့မဟုတ် ယခင် ဖိုင်လွှဲပြောင်းထုတ်ယူရန် တောင်းဆိုမှုများကို ကြည့်ရှုခြင်းတို့ကိုလည်း ယခင်တောင်းဆိုမှု ကဏ္ဍတွင် ပြုလုပ်နိုင်ပါသည်။
သင်၏ ဖိုင်များကို လွှဲပြောင်းထုတ်ယူခြင်းသည် စကားဝှက်ဖြင့် ကာကွယ်ထားသည့် လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့်အတွက် သင်တစ်ဦးတည်းသာ ဝင်ရောက်အသုံးပြုခွင့် ရှိပါသည်။
သင့်အချက်အလက်များကို ဖုန်း/ကွန်ပျူတာတစ်ခုသို့ လွှဲပြောင်းထုတ်ယူရန် သင် တောင်းဆိုထားပါက လွှဲပြောင်းထုတ်ယူပြီးဖြစ်ကြောင်း သင့်အားအသိပေးရန် အီးမေးအသိပေးချက်တစ်ခုကိုသော်လည်းကောင်း၊ Facebook တွင် အသိပေးချက်တစ်ခုကိုသော်လည်းကောင်း သင် လက်ခံရရှိပါမည်။
မှတ်ချက် - Facebook ပေါ်တွင် သင်၏ အချက်အလက်နှင့် ကိုယ်ရေးလုံခြုံမှုကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများအကြောင်း လေ့လာရန်အတွက် သင်၏ ကိုယ်ရေးလုံခြုံမှု ဖြတ်လမ်းများတွင် အမြဲတစေ ကြည့်ရှုနိုင်ပါသည်။
သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူခြင်း မပြုနိုင်ရသည့်အကြောင်းရင်း
သင့်ပရိုဖိုင်အချို့မှ အချက်အလက်များကို လွှဲပြောင်းထုတ်ယူခြင်း မပြုနိုင်ရသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
  1. ပိတ်သိမ်းထားခြင်း - ဤပရိုဖိုင်ကို သင် ပိတ်သိမ်းထားခြင်းကြောင့်ဖြစ်သည်။ ပရိုဖိုင်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် ထိုပရိုဖိုင်ကို သင် ပြန်လည်အသက်သွင်းနိုင်ပါသည်။
  2. ဖျက်ရန် ကြိုတင်စီစဉ်ထားခြင်း - သင်က ဤပရိုဖိုင်ကိုဖျက်ရန် တောင်းဆိုထားခြင်းကြောင့်ဖြစ်သည်။ သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် အကောင့်ဖျက်ခြင်းကို ပယ်ဖျက်နိုင်ပါသည်။
သင့်အချက်အလက်၏ HTML သို့မဟုတ် JSON မိတ္တူကြား ဘာ​တွေကွာခြားသလဲ။
Facebook တွင် သင့်အချက်အလက်မိတ္တူတစ်စုံကို တောင်းဆိုသည့်အခါ HTML သို့မဟုတ် JSON ပုံစံဖြင့် လက်ခံရန် သင်ရွေးချယ်နိုင်ပါသည် -
HTML - Facebook တွင် သင့်ပရိုဖိုင် အချက်အလက်များကို အလွယ်တကူကြည့်၍ရသော ပုံစံတစ်ခု။ ZIP ဖိုင်ဖြင့် လက်ခံရရှိပြီး ထိုဖိုင်ကို ဖွင့်၍ ဖြည်ထုတ်ပြီးသည်နှင့် ၀က်ဘ်ဘရောက်ဇာပေါ်ရှိ ၀က်ဘ်စာမျက်နှာတစ်ခုကို ဖွင့်သည့်အလား အညွှန်း အမည်ဖြင့် HTML ဖိုင်တစ်ခုပါ၀င်ပါလိမ့်မည်။ သင်တောင်းဆိုထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများအပါအ၀င် ဖိုင်များပါ၀င်သည့် ဖိုင်တွဲများ ပါ၀င်ပါလိမ့်မည်။
JSON - သင့်အချက်အလက်များကို အခြား၀န်ဆောင်မှုသို့ အပ်လုဒ်လုပ်သည့်အခါ ၎င်းတို့ကိုရွှေ့ပြောင်းရာတွင်ပို၍လွယ်ကူနိုင်စေသည့် သင့်ပရိုဖိုင်အချက်အလက်ကို စက်ကိရိယာ ဖတ်ယူနိုင်သော ပုံစံတစ်ခု။
သင်၏ အချက်အလက်မိတ္တူတစ်စုံကို တောင်းဆိုသည့်အခါ သင့် မီဒီယာဖိုင်များ (ဓာတ်ပုံများ၊ ဗီဒီယိုများ) ၏ အရည်အသွေးကိုလည်း ရွေးချယ်နိုင်ပါသည်။ သင့် မီဒီယာ၏ အရည်အသွေးအကောင်းဆုံး ဗားရှင်းကို သင်ရွေးချယ်ပါက သင်၏ ဒေါင်းလုဒ်လုပ်ခြင်းသည် ဖိုင်အရွယ်အစားပို၍ကြီးပြီး နေရာပိုယူပါလိမ့်မည်။
သင့်အချက်အလက်မိတ္တူကို အခြားမည်သူတစ်ဦးတစ်ယောက်မျှ ဒေါင်းလုဒ်မလုပ်နိုင်စေရန် မည်သည့်လုံခြုံရေးအစီအမံများကို အသုံးပြုထားသလဲ။
သင့်အကောင့် လုံခြုံစေရန်နှင့် Facebook ပေါ်ရှိ သင်၏ အချက်အလက်ကို ကာကွယ်ရန် အကူအညီဖြစ်စေမည့် လုံခြုံရေးအစီအမံ အတော်များများ ကျွန်ုပ်တို့တွင် ရှိပါသည်။ သင့်အချက်အလက်မိတ္တူတစ်စုံကို ဒေါင်းလုဒ်လုပ်ရန် မစတင်မီ သင့် လျှို၀ှက်နံပါတ်အား ရိုက်ထည့်ရန် ကျွန်ုပ်တို့ ဦးစွာ တောင်းဆိုပါမည်။ သင်၏ ဒေါင်းလုဒ်လုပ်ခြင်းကို စတင်လုပ်ဆောင်ရန် ခွင့်မပြုမီ ထပ်ဆောင်းအတည်ပြုခြင်း အဆင့်များကို ပြီးမြောက်အောင်လုပ်ဆောင်ရန်လည်း ကျွန်ုပ်တို့ တောင်းဆိုကောင်း တောင်းဆိုနိုင်ပါသည်။ သင့်အကောင့်ကို ကာကွယ်ရာတွင် အကူအညီဖြစ်စေရန်အတွက် သင်၏ဒေါင်းလုဒ်လုပ်ရန် တောင်းဆိုမှုသည် ရက်အနည်းငယ်ကြာလျှင် သက်တမ်းကုန်ဆုံးလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် တောင်းဆိုမှုအသစ်တစ်ခုကို အမြဲတစေ လုပ်ဆောင်နိုင်ပါသည်။
Facebook ပေါ်တွင် သင်နှင့် သင့်သူငယ်ချင်းများထံ ခြိမ်းခြောက်မှုများ မကျရောက်မီ ၎င်းတို့ကို လျှော့ချပေးနိုင်ရန် ကျွန်ုပ်တို့၏ လုံခြုံရေးစနစ်များမှ အမြဲတမ်း စွမ်းဆောင်လျက်ရှိပြီး လုံခြုံရေးစစ်ဆေးမှု နှင့် နှစ်ဆင့်ခံလုံခြုံရေးစနစ် ကဲ့သို့ သင့်အကောင့်လုံခြုံရေးကို တိုးမြှင့်ပေးမည့် ထပ်ဆောင်းနည်းလမ်းများဖြစ်သည့် ကိရိယာများကို ကျွန်ုပ်တို့ ပေးထားပါသည်။ သင့်အကောင့်အား လုံခြုံအောင်ထားရှိခြင်း အကြောင်းကို ပိုမိုလေ့လာပါ။
မှတ်ချက် - သင်၏အချက်အလက်တောင်းဆိုမှုတွင် သီးသန့်ကိုယ်ရေးအချက်အလက်များ ပါ၀င်နိုင်သည်ကို သတိပြုပေးပါ။ ၎င်းကို သိမ်းဆည်းသည့်အခါ၊ ပေးပို့သည့်အခါ သို့မဟုတ် အခြားဝန်ဆောင်မှုတစ်ခုတွင် အပ်လုဒ်လုပ်သည့်အခါတွင် လုံခြုံအောင်ထားရှိပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သင့်ပါသည်။ သင်၏အချက်အလက်မိတ္တူတစ်စုံ တောင်းဆိုသည့်အခါ သီးခြားကဏ္ဍများကို အမြဲတစေ ရွေးချယ်နိုင်ပါသည်။
သင့်တွင် လက်ရှိအသုံးပြုနေသော Facebook ပရိုဖိုင်တစ်ခုမရှိပါက Facebook က သိမ်းဆည်းထားသည့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင် မည်သို့တောင်းဆိုနိုင်သလဲ။
သင့်အကောင့်ကို ပိတ်သိမ်းထားပါက-
ယခင်က သင့်တွင် Facebook အကောင့်တစ်ခုရှိခဲ့ပြီး ၎င်းကို လက်ရှိတွင် ပိတ်သိမ်းထားပါက Facebook သို့ လော့ဂ်အင် ပြန်ဝင်ခြင်း သို့မဟုတ် အခြားတစ်နေရာတွင် Facebook အကောင့်သုံးကာ လော့ဂ်အင်ဝင်ရောက်ခြင်းဖြင့် သင့်အကောင့်ကို ပြန်လည်အသုံးပြုနိုင်ပါသည်
သင့်အကောင့်ကို ပြန်လည်အသုံးပြုနိုင်ပြီးနောက် သင့်အကောင့်မှတစ်ဆင့် သို့မဟုတ် သင့်အချက်အလက်များကို လွှဲပြောင်းထုတ်ယူရန် ကိရိယာကို သုံးပြီး သင့်အချက်အလက်များကို ရယူအသုံးပြုနိုင်သည်။
သင့်အကောင့်ကို ဖျက်ထားပါက သို့မဟုတ် တစ်ခါမှ အကောင့်မဖွင့်ဖူးပါက-
သင့် Facebook အကောင့်ကို ဖျက်ထားပါက သင့်အကောင့်အချက်အလက်များကို ရယူအသုံးပြုနိုင်မည် မဟုတ်ပါ။ သင်မျှဝေထားသော အချို့အချက်အလက်များသည် အခြားသူများ၏ Facebook အကောင့်များတွင် ဆက်ပြီးပေါ်လာနိုင်ပါသေးသည်။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ဦးထံ မက်ဆေ့ပေးပို့ခဲ့ပါက အီးမေးတစ်စောင်နှင့်အလားတူပင် အဆိုပါမက်ဆေ့၏ မိတ္တူမှာ ထိုသူ့ထံတွင် ဆက်ပြီးရှိနေနိုင်ပါသည်။
သင့်တွင် Facebook အကောင့်မရှိသော်လည်း Facebook တွင် သင့်အကြောင်း အချက်အလက်များ ရှိနေနိုင်သည်ဟု သင် ယူဆပါက သင့်အချက်အလက်မိတ္တူတစ်စုံကို တောင်းဆိုရန် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်

အထောက်အကူ ဖြစ်စေခဲ့သည်
မကြိုက်ပါဘူး

အကူအညီ ရယူနိုင်တဲ့ အခြားနည်းလမ်းများ

Meta AI ပံ့ပိုးကူညီရေး လက်ထောက်နဲ့ စကားပြောရန်
ပြဿနာတွေကို ဖြေရှင်းတာ၊ ပြောင်းလဲမှုတွေ ပြုလုပ်တာနဲ့ အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီမှု ရယူတာတွေကို လုပ်ဆောင်လိုက်ပါ