သင့် Facebook စာမျက်နှာတစ်ခုရှိ မှတ်ချက်များတွင် သတ်မှတ်ထားသည့် အချို့သော စကားလုံးများ ပေါ်လာခြင်းကို ပိတ်ပင်ရန်

လင့်ခ်ကို ကူးယူရန်
ကွန်ပျူတာ အကူအညီ
iPad အက်ပ် အကူအညီ
iPhone အက်ပ် အကူအညီ
မိုဘိုင်းဘရောက်ဇာအကူအညီ
Android App အကူအညီ
သင်သည် Facebook စာမျက်နှာတစ်ခုကို ကူညီပြီး စီမံပါက သင့်စာမျက်နှာရှိ မှတ်ချက်များတွင် သတ်မှတ်ထားသည့် စကားလုံးများ ပေါ်လာခြင်းကို ပိတ်ပင်နိုင်ပါသည်။ သင်ပိတ်ပင်ခဲ့သော စကားလုံးတစ်လုံးကို အခြားသူများမှ မှတ်ချက်တစ်ခုတွင် ထည့်သွင်းဖော်ပြပါက ၎င်းမှတ်ချက်ကို သင့်စာမျက်နှာတွင် မပေါ်လာစေရန် ကျွန်ုပ်တို့ ဖျောက်ထားပါမည်။
ညစ်ညမ်းစာလုံးပါသော မှတ်ချက်များကိုလည်း ပိတ်ပင်နိုင်ပါသည်။ သင့်စာမျက်နှာအတွက် ညစ်ညမ်းစာလုံးစစ်ထုတ်မှု အဖွင့်/ အပိတ် ပြုလုပ်ပုံကို လေ့လာပါ။
သင်သည် စာမျက်နှာတစ်ခုကို Facebook အသုံးပြုခွင့်ရရှိထားပါက သင့်စာမျက်နှာပေါ်ရှိ မှတ်ချက်များမှ သော့ချက်စကားလုံးများအား ပိတ်ပင်ရန် မည်သည့်ဘာသာစကားဖြင့်မဆို (ဥပမာ - စကားလုံးများ၊ စကားစုများ သို့မဟုတ် အီမိုဂျီ) အလုံး ၁၀၀၀ အထိ ရွေးချယ်နိုင်ပါသည်။
ကျွန်ုပ်တို့သည် သင်ပိတ်ပင်လိုသော သော့ချက်စကားလုံးများ၏ ပုံစံကွဲများကိုလည်း အလိုအလျောက် ဖျောက်ထားပေးလိမ့်မည်ဖြစ်သည့်အတွက် ၎င်းပုံစံကွဲစကားလုံးများသည် သော့ချက်စကားလုံး အလုံး ၁၀၀၀ ကန့်သတ်ချက်တွင် အကျုံး၀င်မည်မဟုတ်ပါ။ ပုံစံကွဲစကားလုံးများတွင် စာလုံးပေါင်းသတ်ပုံမှားများ၊ အများဆိုင်နာမ်ပြသောစကားလုံးများ၊ စကားလုံးအတိုကောက်များ နှင့် နံပါတ်များ သို့မဟုတ် သင်္ကေတများ ကို အသုံးပြုသည့် စကားလုံးများ ပါ၀င်ပါသည်။ ဥပမာ -
  • အကယ်၍ "tree" ဆိုသည့် စကားလုံးကို သင် ပိတ်ပင်ပါက၊ ၎င်း၏ ပုံစံကွဲစကားလုံးများဖြစ်သည့် - TREE၊ t.r.e.e.၊ tr33၊ treee နှင့် #tree စသည့် စကားလုံးများကို ကျွန်ုပ်တို့ အလိုအလျောက် ပိတ်ပင်ပေးပါမည်။ ဆိုလိုသည်မှာ သင်သည် ဤပုံစံကွဲစကားလုံးများကို သင့်၏ သော့ချက်စကားလုံးစာရင်းတွင် ထည့်သွင်းပေးထားရန် မလိုပါ။
  • သင့် သော့ချက်စကားလုံးစာရင်းထဲမှ ပုံစံကွဲစကားလုံးများကို ကျွန်ုပ်တို့ ရှာတွေ့ပါက၊ ၎င်းတို့ကို ဖယ်ရှားရန် သင်ရွေးချယ်နိုင်မည် ဖြစ်သည့်အတွက် သင့်၏ သော့ချက်စကားလုံးကန့်သတ်ချက်တွင် ၎င်းတို့ပါ၀င်တော့မည်မဟုတ်ပါ။
သတိပြုရမည်မှာ - သင်သည် စာမျက်နှာတစ်ခုကို တာ၀န်ဖြင့်အသုံးပြုခွင့် ရရှိထားပါက Meta Business Suite တွင် ပိတ်ပင်ရန် သော့ချက်စကားလုံးများကို ရွေးချယ်နိုင်ပါသည်။ သင်ထည့်သွင်းထားသော ပုံစံကွဲသော့ချက်စကားလုံးများကို ကျွန်ုပ်တို့ အလိုအလျောက် ဖျောက်ထားပါလိမ့်မည် သို့သော် ဤပုံစံကွဲစာလုံးများကို စိစစ်သုံးသပ်ရန် သို့မဟုတ် ဖယ်ရှားရန် သင်လုပ်ဆောင်၍ ရနိုင်လိမ့်မည်မဟုတ်ပါ။

သင့်စာမျက်နှာမှ သော့ချက်စကားလုံးများကို ပိတ်ပင်ရန်

  1. Facebook သို့ လော့ဂ်အင်ဝင်ပြီးနောက် ညာဘက်ထိပ်တွင်ရှိသော သင့်ပရိုဖိုင်ဓာတ်ပုံကို နှိပ်ပါ။
  2. ပရိုဖိုင်အားလုံးကို ကြည့်မယ် ကို နှိပ်ပါ၊ ထို့နောက် သင်ပြောင်းလိုသည့် စာမျက်နှာကို ရွေးပါ။
  3. ညာဘက်ထိပ်ရှိ သင့်စာမျက်နှာဓာတ်ပုံကို နှိပ်ပါ၊ ထို့နောက် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုကို နှိပ်ပါ။
  4. ဆက်တင်များကို နှိပ်ပြီးနောက် ဘယ်ဘက်မီနူးတွင်ရှိသော စောင့်ကြည့်သူများနှင့် အများမြင်အကြောင်းအရာကို နှိပ်ပါ။
  5. သင့်စာမျက်နှာမှ အချို့သောစကားလုံးများပါဝင်သည့် မှတ်ချက်များကို ဖျောက်ရန်ကို နှိပ်ပါ။
  6. သင် ပိတ်ပင်လိုသော သော့ချက်စကားလုံးများကို ထည့်သွင်းရန် -
    • စကားလုံးများ သို့မဟုတ် စကားစုများကို ထည့်သွင်းရန် - ကော်မာခြားထားသော စကားလုံးများ သို့မဟုတ် စကားစုများကို ရိုက်ထည့်ပါ။
    • အီမိုဂျီတစ်ခု ထည့်သွင်းရန် အီမိုဂျီကို နှိပ်ပြီးနောက် သင် ပိတ်ပင်လိုသည့် အီမိုဂျီကို ရွေးပါ။
    • သော့ချက်စကားလုံးများ စာရင်းတစ်ခုကို ထည့်သွင်းရန် -
      • သော့ချက်စကားလုံး စာရင်းတစ်ခုကို မိတ္တူကူးပါ၊ စာသားအကွက်တွင် ကူးထည့်ပါ၊ ထို့နောက် သင်၏ကီးဘုတ်ပေါ်ရှိ Enter ကို နှိပ်ပါ။
      • စာမျက်နှာအများအပြားကို သင်စီမံရပါက၊ စာမျက်နှာတစ်ခုမှ အခြားစာမျက်နှာတစ်ခုသို့ သင်၏သေ့ာချက်စကားလုံး စာရင်းကို ကူးယူနိုင်ပါသည်။ သင့်စာမျက်နှာမှ စာရင်းကို ကူးယူရန် ရွေးစရာများကို နှိပ်ပါ။ သင့်စာရင်းထည့်သွင်းလိုသော စာမျက်နှာသို့ ပြောင်းလဲဝင်ရောက်ပါ၊ ထို့နောက် ၎င်းစာမျက်နှာသို့ သင့်စာရင်းထည့်သွင်းရန် အပေါ်ဘက်တွင်ရှိသော ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
      • သော့ချက်စကားလုံးစာရင်းတစ်ခုကို သင် အပ်လုဒ်လုပ်လိုပါက ရွေးစရာများကို နှိပ်ပြီးနောက် .CSV မှ အပ်လုဒ်လုပ်ရန် ကို ရွေးကာ သင့်ဖိုင်ကို အပ်လုဒ်လုပ်ရန် ညွှန်ကြားချက်များအတိုင်း လိုက်လံဆောင်ရွက်ပါ။
  7. သင့် သော့ချက်စကားလုံးစာရင်းကို သုံးသပ်ပါ။
    • ပုံစံကွဲစကားလုံးများကို သင်၏စာရင်းတွင် ထည့်သွင်းခဲ့ပါက ၎င်းစကားလုံးများကို ကြည့်ရန် ပုံစံကွဲစကားလုံးများကို ပြရန် ကို နှိပ်ပါ။ မီးခိုးရောင် ပုံစံကွဲစကားလုံးများ ထွက်ပေါ်လာပါလိမ့်မည်။ ပုံစံကွဲစကားလုံး [အမှတ်စဥ်] ကို ဖယ်ရှားရန် ကို နှိပ်ခြင်းဖြင့် စာလုံးများကို ဖယ်ရှားနိုင်ပါသည်။
    • စာရင်းထဲမှ သော့ချက်စကားလုံးတစ်လုံးတည်းကိုသာ သင် ဖယ်ရှားလိုပါက ၎င်း၏ဘေးရှိ X ကို နှိပ်ပါ။ သင့်၏သော့ချက်စကားလုံးအားလုံးကို ဖယ်ရှားရန်အတွက် စာရင်းရှင်းလင်းမည် ကိုလည်း နှိပ်နိုင်ပါသည်။
  8. သိမ်းမယ် ကို နှိပ်ပါ။

သတိပြုရန်မှာ

သင်ဖန်တီးခဲ့သည့် အကြောင်းအရာများတွင် အချို့သော စကားလုံးများပါဝင်သည့် မှတ်ချက်များကိုသာ ပေါ်လာခြင်းမှ ဖျောက်ထားနိုင်ပါသည်။ ဤဆက်တင်သည် အခြားသူများ၏ ပို့စ်များ သို့မဟုတ် သင့်ကို ပူးပေါင်းတင်ဆက်သူတစ်ဦးအဖြစ် ထည့်သွင်းထားသည့် ပို့စ်များရှိ မှတ်ချက်များအပေါ် သက်ရောက်မှုမရှိပါ။
မှတ်ချက်ရေးသားခဲ့သည့် ပရိုဖိုင်များ၊ စာမျက်နှာများ နှင့် ၎င်းတို့၏ သူငယ်ချင်းများသည် ဖျောက်ထားသည့် မှတ်ချက်များကို ဆက်လက်မြင်တွေ့နေရဦးမည် ဖြစ်ပါသည်။
သင်ပိတ်ပင်ထားသော စကားလုံးများပါဝင်သည့် မှတ်ချက်များကို ပြန်ဖော်လိုပါက ထိုမှတ်ချက်သို့သွားပြီး ပြန်ဖော်ရန် ကို နှိပ်ပါ။

အထောက်အကူ ဖြစ်စေခဲ့သည်
မကြိုက်ပါဘူး

အကူအညီ ရယူနိုင်တဲ့ အခြားနည်းလမ်းများ

Meta AI ပံ့ပိုးကူညီရေး လက်ထောက်နဲ့ စကားပြောရန်
ပြဿနာတွေကို ဖြေရှင်းတာ၊ ပြောင်းလဲမှုတွေ ပြုလုပ်တာနဲ့ အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီမှု ရယူတာတွေကို လုပ်ဆောင်လိုက်ပါ